Myanmar Calendar

Monday, March 26, 2012

ကိုယ့်ရိုးရာပေါ့

ဆောင်းအကုန် နွေအကူး
ရွက်ခြောက်တွေ ကြွေလို့
ရွက်သစ်တွေ ဝေချိန်မှာ
ချစ်သူကို
သတိရမိပြန်

ခါသင်္ကြန်ရောက်ချိန်တိုင်း
အဝေးတနေရာကနေ
ရောက်ရောက်လာတတ်တဲ့
မင်းအကျင့်ကိုသိနေတော့
မျှော်တတ်နေတာ
ကိုယ့်ရိုးရာလေးပေါ့

နွေအကုန် မိုးအကူးမှာ
မိုးစက်လေးတွေ
ကိုယ့်ခေါင်းပေါ်ကျမှာဆိုးလို့
စိုးရိမ်တကြီးနဲ့
ထီးမိုးပေးတတ်တဲ့
ချစ်သူကို
တမ်းတတတ်တာလည်း
ကိုယ့်ရိုးရာပေါ့ကွယ်

မိုးအကုန် ဆောင်းအကူမှာ
ကိုယ်ချမ်းမှာဆိုးလို့
နွေးထွေးအောင်နေဖို့
အဝေးက မှာကြားသံကို
ကိုယ်မြတ်နိုးမိတာ
ကိုယ့်ရိုးရာလေးပေါ့ကွယ်

No comments:

Post a Comment