ဟဲ့
အလကားရတိုင်း
လွမ်းတဲ့အကြောင်းတွေ
ရေးစပ်မနေနဲ့တဲ့...
အိုဘယ်ကလား
အလကားရတဲ့ အလွမ်းလဲ.....
စိတ်တခုလုံး သူ့ကိုပေး
အတွေးတခုလုံးသူ့အကြောင်းတွေ
နှလုံးသား တခုလုံး
သူနဲ့ပတ်သက်လို့ ရခဲ့တာတွေ
သူနဲ့အမှတ်တရတွေကို
တိတ်တိတ်လေး လူတွေမမြင်အောင်
ဖုံးထားရတာ
အလကားရတဲ့ အလွမ်းလား
ဒီလောက်တန်ဖိုးကြီးတဲ့အလွမ်း
ဘယ်သူက
အလကားရတယ်ပြောလဲ.....
တန်ဖိုးကြီးကြီး ရင်းထားရတာ
ကြိုက်သလောက်လွမ်း
သေလောက်အောင်လွမ်း
ပက်ပက်စက်စက်လွမ်း
လွမ်းလိုက်စမ်းပါကွာ.......
No comments:
Post a Comment