ကြောတစ်ချက်လှည့်လိုက်ရုံ
စကားတခွန်းပြောလိုက်ရုံနဲ့
ဒီလူရင်က ခွဲထွက်သွားနိုင်ပီလို့
မထင်လိုက်ပါနဲ့
အဝေးရောက်သွားသူ.......
တယုတယ
အကြင်နာမိုး....
စိုးရိမ်မှုတွေနဲ့....
လေလှိုင်းတွေထဲမှာ
အဆိပ်ခတ်ပြီး
ငါ့ရင်ကို အဆိပ်ပြန့်အောင်
လုပ်သွားခဲ့တာ
အဆိပ်ပြန့်နေတဲ့
ဒီရင်ဘတ်ကြီးတခုလုံးက
ဖြေဆေးမရှိလောက်အောင်
နာကျင်နေတာတောင်
အဝေးရောက်သွားတဲ့လူကို
ဒီရင်ထဲက
ထုတ်ပစ်ဖို့
ဘယ်တော့မှ မကြိုးစားခဲ့ပါဘူး...
အဝေးရောက်သွားသူ.....
နင်ပေးတဲ့
အဆိပ်ပန်း
သေသွားမှာဆိုးလို့
ပိုးမွေးသလို မွေးနေခဲ့တာ
အခုဆို
တော်တော်ရှင်သန်နေပါပြီ
အဝေးရောက်သွားသူ.......
No comments:
Post a Comment