နင်ငါအနားက ထွက်သွားပြီလို့
ပတ်ဝန်းကျင်က
ငါ့ကိုပြောလည်း
င့ါအနားမှာ နင်ရှိသေးတာ
ငါကိုယ်တိုင်ဘဲ. သိတယ်.......
နင်ငါ့ကိုမေ့သွားပီလို့
သူငယ်ချင်းတွေကပြောလည်း
နင်ငါ့ကို မမုန်းသေးတာ
ငါကိုယ်တိုင်ဘဲ သိတယ်......
နင်ငါကိုမချစ်တော့လို့ လို့
လူအများကပြောလည်း
နင်ငါကို မမေ့သေးတာ
ငါကိုယ်တိုင်ဘဲ သိတယ်.....
နင် ငါနဲ့ အဝေးဆုံးကို
ရောက်သွားပြီလို့
နင်ကိုယ်တိုင်က
ငါ့ကိုပြောလည်း
ငါ...ချစ်ခြင်းရဲ့ အနီးဆုံးမှာ နင်ရှိသေးတာ
ငါကိုယ်တိုင်ဘဲ သိတယ်.....
No comments:
Post a Comment