Myanmar Calendar

Saturday, September 24, 2011

မောင်

'' မောင် '' တယုတယနဲ့ တမြတ်တနိုး တိတ်တခိုးလေး ခေါ်ဆိုမိပါတယ် မောင်။ မောင်ကတော့ အဝေး တစ်နေရာမှာ တစ်ခြားသော ကောင်မလေး တစ်ယောက်နဲ့ ပျော်ရွှင်နေပြီပေါ့။ တစ်ချိန်ကတော့ မောင်ရဲ့ အနားမှာ ငါမှတစ်ပါး မည်သူမှ မရှိလို့ ထင်နေခဲ့တာ။ တစ်ချိန်ကျရင် ငါကိုဘဲ ချစ်မှာပါလို့ ထင်ခဲ့မိတဲ့ မျှော်လင့်ချက်တွေ အခုတော့ မောင်မှာ ပိုင်ဆိုင်သူရှိနေပီတဲ့ မောင်။ 
မောင်မသိလိုက်တဲ့ ငါ့ ချစ်ခြင်းတွေအောက်မှာ ပြားပြားဝပ်ခဲ့တဲ့ ငါ့မာနတွေ။ ဒီလိုပါဘဲ တစ်ချိန်ကျရင် ငါ့ အနားက စွန့်ခွာသွားမှာ သိရက်နဲ့ ငါ့အနားရှိနေသေးသရွေ့ဆိုတဲ့ ငါ့အစွဲတွေနဲ့ ငါဆက်ရှင် သန်  နေပါစေ မောင်။

ဘယ်သူမှ ခွဲမသွားနဲ့လို့ အနားကနေ ကလေးတစ်ယောက်လို ငိုယိုပူဆာချင်ပေမယ့်လည်း မောင်မှာက ဆိုင်သူရှိနေပြီလေ မောင်။  အရင်ကလို တစ်ခုခုဖြစ်တိုင်း ရင်ဖွင့်ခွင့် ရတော့မှာမဟုတ်ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ ငါရင်နာကြင်ခဲ့မိတယ် မောင်။ တို့ နှစ်ယောက် တကယ်ကို ဝေးကြပီဆိုတဲ့ အသိနဲ့ဘဲ ငါရူးမတတ် ခံစားခဲ့ရတယ်။

ဒါပေမယ့်လည်း မောင်ရယ် မကြင်နာသူက စိမ်းသွားမှာတော့ ကြင်နာရက်သူက တားရက်ပါ့မလား မောင်။ ဘယ်တော့ပြန်လာမလဲလို့ စိတ်ထဲက မေးခဲ့ပေမယ့် မောင့်မျက်လုံး၊ မောင့်အပြုံးကို ကြည့်လိုက်တာနဲ့ သိခဲ့ ပါတယ်မောင်။ ဘယ်တော့မှ မဆုံနိုင်တော့ဘူး မောင်။

No comments:

Post a Comment