မြို့ ပြကြားကို
ဘ၀တိုးတက်မှုအတွက်
ထွက်ခွာသွားတဲ့
ကိုကြီးရေ
မေမေက
ကိုကြီးကို
အမှာတော်ပါးလိုက်ပါရဲ့
ပညာသင်ဖို့သွား
အချစ်ရေးမှာ
ဗျာမများပါနဲ့ တဲ့
ချစ်သူထားသော်
အမျိုးကောင်းသမီး
နှမလေးအား
မျက်မြင်ထားကာ
မမြင်ကွယ်ရာ
မခေါ်ပါနဲ့တဲ့
ခေတ်ကြီးက
ကြောက်ဖွယ်ရာ
ဆေးပေါင်းစုံတယ်
မယူခင်ထား
မကျူးလွန်နဲ့တဲ့
အမှားတခု
မလုပ်မိခင်
ကြိုတင်စဉ်းစား
နောက်မှ နောင်တမရနဲ့ကွယ်တဲ့
မှားမိပါက
ခေတ်ကြီးလည်း မှီလွန်းလှတယ်
မတော်တရော်
ဆေးကျွေးမိက
အသက်တချောင်း
တန်ဖိုးထားကွယ်တဲ့
ဘယ်လိုဖြစ်ဖြစ်
နှမလေးရှိ
စိတ်ထဲသိလို့
စိတ်ကွယ်ရာ
မသွားပါနဲ့
သားရယ်တဲ့
No comments:
Post a Comment