Myanmar Calendar

Friday, September 23, 2011

ဒီရင်ခွင် လက်ဝဲဘက်မှာ သူရှိခဲ့ပြီ

လေကလေးတချက်အဝှေ့
ဆံပင်လေးတွေ
ဖြာဆင်းကာ
မျက်နှာကို ကွယ်သွားတော့
ဖြတ်ကနဲ့
ကြည့်လိုက်မိတဲ့
ကိုယ့်မျက်လုံးက
ချစ်စရာကောင်းလိုက်တာတဲ့

ကြာကြာကြည့်မိပြန်တော့
ချစ်ချင်လာပြီတဲ့

ကြည့်နေရင်းမှာဘဲ
သူထွက်သွားတော့
ကိုယ့်ရင်ခွင် လက်ဝဲဘက်က
ခုန်သွားတာ
ကိုယ်တောင်မသိလိုက်ဘူး

သူ့ကိုမြင်ပြီး
ခဏခဏ မြင်ချင်နေတော့
ကိုယ်ဘာဖြစ်မှန်းမသိ
ဖြစ်ချင်လာသည်

သေချာစဉ်းစားမိတော့
ကိုယ့်ရင်ခွင် လက်ဝဲဘက်မှာ
သူရှိခဲ့ပြီ
 

No comments:

Post a Comment