တွေးလို့ကောင်းနေတုန်း ဆူဆူညံညံအသံလေးကြောင့် အမှတ်မထင် ကျွန်မ တခုံကျော်လေးကို ကြည့်လိုက်မိတယ်။ အတွဲလေးတစ်တွဲ ရန် ဖြစ်နေတာကို။ ကောင်လေးက စိတ်ကောက်နေတယ် ထင်ပါရဲ့ ကောင်မလေးက ချော့နေတာ။ ကောင်မလေးက တော်တော်လေးကို အောက် ကျခံပြီး တောင်းပန်နေတာတောင် ကောင်လေးက တုတ်တုတ်မလှုပ်။ မျက်နှာကလည်း မာထန်နေ ဆဲ။ ကောင်မလေးကလည်း လူတွေဝိုင်း ကြည့်နေတယ်ဆိုတာကို သတိထားမိပုံမပေါ်ဘဲ သူတယောက်ထဲ ရှိသည့် အလား ချော့နေလေသည်။
လူတွေကတော့ အမျိုးမျိုးပြောနေကျပေမယ့် ကောင်မလေးကတော့ ချော့မြဲ။ တခဏလည်းကြာရော ဗြန်းခနဲအသံကိုကြားလိုက်လေရာ ကျွန်မလည်း အလန့်တကြားနဲ့ လှည့်ကြည့် လိုက်တော့ ကောင်လေးက ကောင်မလေးရဲ့ ပါးကိုရိုက်လိုက်တာတော့။ ဟဲ့ဘယ်လိုများ တုန်း။ ကောင်မလေးဘာမှားလုပ်မိလို့ ဒီလောက်ထိလုပ်ရတာလဲ။ ကျွန်မအကြောင်းမဟုတ်ပေမယ့် မနေသာ က ကျွန်မကဘဲ ကောင်လေး နဲ့ ကောင်မလေးကြားကို ၀င်ကာ ကောင်လေးကို ကျွန်မတချက်ပြောလိုက်တယ်။ မင်းဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတော့ ကောင်လေး က ဘာမှ ပြန်မပြောဘဲ လက်သီးစုပ်ကာ ကောင်မလေးကို အခဲမကြေဘဲကြည့်ကာ နေရာက ထွက်သွားလေတယ်။ ကောင်မလေးမှာတော့ မျက်ရည်လေး ကလဲကလဲနဲ့ ခေါင်းငုပ်နေ တယ်။ ကောင်မလေးတော်တော်ရှက်သွားမယ်ဆိုတာ ကျွန်မက သိနေတော့ မိန်းကလေးချင်း ကိုယ်ချင်းစာ စိတ်နဲ့ ကောင်မလေးကိုခေါ်ကာ အဲ့နေရာလေးကနေ ထွက်လာခဲ့တယ်။ လူတွေကတော့ ၀ိုင်းကြည့်နေ တာပေါ့။ ကောင်မလေးကလည်း အသာတကြီဘဲလိုက်လာတယ်။ ကျွန်မခေါ်လာနောက်ကို။
မြက်ခင်းလေးတနေရာပေါ်အရောက်မှာတော့ ကောင်မလေးက ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူး ထင်ပါရဲ့ ရှိုက်ကြီးတငင်ငိုလေပြီ။ ကျွန်မ လည်း ကောင်မလေးဘေးနားမှာဘဲ မိန်းကလေးချင်းစာနာစွာ ထိုင်နေပေးခဲ့တယ်။ အနီးကပ်ကြည့်တော့မှ ကောင်မလေးက တော်တော်ငယ်သေးပါလား။ အလွန်ဆုံးရှိမှ (၁၆)ပေါ့။ ဘာကြောင့်များ ကောင်မလေးကို ကောင်လေးက လူကြားထဲမှာ ရိုက်ရလောက် အောင် ဘာအပြစ်များ ရှိလည်း သိချင်ပေမယ့် ကျွန်မစိတ်ကို ကျွန်မမျိုသိမ်ထားလိုက်တယ်။
ခဏလည်းကြာရော ကောင်မလေးအငိုတိတ်သွားကာ ကျွန်မကိုကြည့်ပြီး ကျေးဇူးတင်ပါတယ် အမရယ်။ ညီမလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း အမက ကျွန်မဘက်က ရပ်တည်ပေးခဲ့လို့တဲ့။ ကျွန်မကလည်း ရပါတယ် ညီမရယ် ဘာတွေဖြစ်ကျတာလဲ အမကို ပြောပြ နိုင်မလားလို့ မေးလိုက်တော့ ကောင်မလေး က ခေါင်းညိတ်ရှာတယ်။ ကျွန်မလည်း ကောင်မလေးပြောလာမယ့်စကားကို စောင့်နေခဲ့တယ်။
ကောင်မလေးကပြောလိုက်တာက ကောင်လေးနဲ့ ကောင်မလေးက သိပ်ချစ်ကျတယ်။ သိပ်ချစ်လို့လဲ ကောင်မလေးဘက်က ဘ၀ကို ပုံအပ်ပေးခဲ့တယ်ပေါ့။ ကောင်လေးကလည်း ကောင်မလေးကို ချစ်ပေမယ့် ကောင်မလေးကို မယုံဘူးတဲ့။ ကောင်မလေးပြောနေတဲ့ စကားက ဘာအဓိပါယ်မှန်းကျွန်မက မသိတော့ ပြန်မေးလိုက်တယ်။ ညီမကို သိပ်ချစ်တယ်ဆိုပြီး ဘာကြောင့်မယုံတာလဲလို့မေးတော့ ကာင်မလေး က ညီမက သိပ်ပွေတာတဲ့။ အရင်ကပေါ့တဲ့။ သူလေးက ဆက်ပြောတယ်။ ကောင်လေးနဲ့ ကောင်မလေးနဲ့က လွန်သွားပြီး ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတယ်။ ဒါပေမယ့် ကောင်လေးက သူကောင်မလေးကို သိပ်ချစ်ပေမယ့် သူ့ကိုယ်ဝန်ဟုတ်မဟုတ်ဆိုတာ သူသိနေတယ်တဲ့။ သူကိုယ်ဝန်မဟုတ်ဘူးပေါ့။ ကျွန်မကလည်း ကောင်မလေးကိုပြောတယ် တကယ်ဘဲ ကောင်လေးကိုယ်ဝန်လား လို့ မေးတော့ ကောင်မလေးက သူလည်းမသိဘူးတဲ့။ ကဲ ကောင်မလေးကိုယ်တိုင်က မသိတာ ကောင်လေး က သိနေတယ်ဆိုတာ ဘယ်လို ပါလိမ့်လို့ ကျွန်မမေးတယ်။ အဲ့ဒီတော့ ကောင်မလေးက သူရည်းစားပွေပေ မယ့် ကောင်လေးနဲ့ဘဲ ကျူးလွန်ခဲ့ကြောင်းပြောတယ်။ ဒါကို ကျွန်မကလည်း ကောင်လေး ကို သေချာရှင်းပြသင့်ကြောင်းပြောတော့ ကောင်လေးက လက်မခံကြောင်းပြောတယ်။ ကျွန်မလည်း မိန်းကလေးဘက်က စာနာတယ်။ ကောင်မလေးကိုလည်း ရိုက်ချင်တယ်။ ဒီလောက်တောင် မိုက်ရသလားလို့ပေါ့။
ဒါပေမယ့် ဒီကောင်မလေးဟာ ကျွန်မနဲ့ မပတ်သက်ပေမယ့် ကောင်မလေးကို မိန်းကလေးချင်း စာနာတဲ့စိတ်နဲ့ ကျွန်မ ကောင်လေးကို လိုက်ရှင်းပြရအောင် သွားရအောင်လာ ညီမလို့ပြောတော့ ကောင်မလေး ခင်ဗျာလည်း မလိုက်ရဲရှာဘူး။ ကောင်မလေးလည်း မှန်ပါတယ်။ သူ့ကို ပါးရိုက်သွားတာကို။ ဒါပေမယ့် ဒီကိုယ်ဝန်က ငယ်သွားတာမှမဟုတ်တာ တဖြည်းဖြည်းကြီးလာမှာလေ။ အဲ့ဒီတော့ ဘယ်သူက အရှက်ကွဲမလည်း ညီမလို့ပြောတော့ ကောင်မလေးက တော်တော်ကြာတိတ်သွားပြီးမှ ကျွန်မကို ပြောတယ်။ သူ့မိဘတွေက နယ်ကပါတဲ့ အမကဘဲ ညီမမိဘနေရာကနေ လိုက်ရှင်းပြပေးပါတဲ့။ ကျွန်မကလည်း စာနာလို့ ကောင်လေးရှိတဲ့နေရာကို ကောင်မလေးနဲ့ တူတူ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ ကောင်လေးကလည်း ကောင်မလေးကိုလည်း မြင်ရော အော်ဟစ်သောင်းကျန်းတော့တာဘဲ။ သူတို့ နှစ်ယောက်ကြားမှာ ကျွန်မက တဘက် ကောင်လေးသူငယ်ချင်းတွေက တစ်ဖက်နဲ့ ဆူညံသွားတာပေါ့။ ကောင်လေးကို တော်တော် ထိန်းလိုက်မှ ငြိမ်သွားတယ်။
ကောင်လေးကို ကျွန်မက စမေးခဲ့တယ်။ မင်းကောင်မလေးကို တကယ်ချစ်လားလို့ မေးတော့ ကောင်လေးက ဘာမှပြန်မပြောဘဲ ခေါင်းဘဲညိတ်တယ်။ ကျွန်မက ဆက်မေးတယ်။ မင်းနဲ့သူနဲ့ ကျူးလွန်ခဲ့တာကော မှန်လားလို့ မေးတော့ ကောင်လေးက ၀န်ခံတယ်။ အဲ့ဆို ကျွန်မကလည်း ဒီကိုယ်ဝန်က မင်းကိုယ်ဝန်ဘဲလို့ ပြောလိုက်တော့ ကောင်လေးက မဟုတ်ဘူးလို့ ထပ်ငြင်းတယ်။ ကျွန်မလည်း စိတ်တိုသွားတာပေါ့ မင်းကိုယ့်အမှားကို သိရက်နဲ့ ဘာကြောင့်တာဝန်မယူတာ လဲလို့ မေးလိုက်တော့ ကောင်လေး က ကျွန်မကို ပြောတယ်။ အမကိုတော့ အားနာပါတယ်တဲ့ ကျွန်တော်နဲ့ သူနဲ့ ချစ်ခဲ့ပြီး မှားခဲ့တာလဲမှန်တယ်တဲ့။ ကျွန်တော့်အပြင် ကောင်မလေးက ကျွန်တော် သူငယ်ချင်းနဲ့လည်း မှားခဲ့တယ်တဲ့။ အဲ့ဒါကို ကျွန်တော်က နွားကျခံပြီး ယူရမှာလားတဲ့။ ကောင်လေးပြောတဲ့စကားအဆုံးမှာ တော့ ကျွန်မ ကောင်မလေးကိုကြည့်လိုက်တော့ ကောင်မလေးက မဟုတ်ကြောင်းပြောတယ်။ ကောင်လေးရဲ့ သူငယ်ချင်းဆိုတာကို သူနဲ့ ရည်းစားဖြစ်ခဲ့တာတော့ ဟုတ်တယ်တဲ့ မကျူးလွန်ဘူးပေါ့။ ကောင်မလေးက ရှင်းပြပေမယ့် ကောင်လေးက ငြင်းတယ်။ ကျွန်မကလည်း ကြားထဲက မနေသာဘဲ မင်းကို ဘယ်သူပြောလဲ ကျူးလွန်ခဲ့တာလို့ ပြောတော့ ကောင်လေးက သူ့သူငယ်ချင်း ကိုယ်တိုင်ပြောကြောင်း။
အဲ့လောက်ဆို ကျွန်မသိလိုက်ပြီ ပြသနာရဲ့ အစကို ရှာလို့ရသွားပြီပေါ့။ အဓိကက ကောင်မလေးက ရည်းစားကိုထည်လဲတွဲခဲ့တာပေါ့။ အပျော်အပျော်ဆိုပြီး တကယ်ချစ်ခဲ့ကျတော့ ကိုယ့်ကို တန်ဖိုးမထားဘူးပေါ့။ ကိုယ့်ကို ချစ်ပေမယ့် ယောင်္ကျားအချင်းချင်းဆိုရင် မစားရတဲ့ အမဲသဲနဲ့ပက်ဆိုသလိုပေါ့ အဲ့လိုဘဲ လျှောက်ပြောကျတယ်ဆိုတဲ့အကြောင်း ကောင်လေးကို ကျွန်မရှင်းပြတယ်။ ပြီးတော့ (၃)ယောက်ဆုံ ရှင်းလိုက်တာမှ သေချာမယ်လို့ ပြောလိုက်တော့ ရှင်းကြတယ်။ နောက်ဆုံးတော့ ပြေလည်သွား တယ်။ ကောင်မလေးကိုလည်း ကျွန်မ ပြောပြခဲ့တယ်။ မိန်းကလေးဆိုတာ ရည်းစားကို ထားကောင်းတိုင်း ထားနေရင် ကိုယ်ဘဲ တန်ဖိုးမဲ့နိုင်ကြောင်း ပြောပြခဲ့တယ်။ သူတို့ လေးတွေလိုဘဲ မိန်းကလေးတွေ တန်ဖိုးတတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။
No comments:
Post a Comment