Myanmar Calendar

Tuesday, October 25, 2011

ကောင်လေးငယ်

ခေါင်းကိုငုံ့ပြီး
လမ်းလျှောက်နေတာ 
ဘာများ ပျောက်လို့လဲ
ကောင်လေးငယ်

ဖိနပ်ရှပ်တိုက်နဲ့
မနိုင်ဝန်များ ထမ်းလာသလား
ကောင်လေးငယ်

ဆံပင်ရှည်ရှည်
စူပုတ်ပုတ် မျက်နှာက
ဘာတွေကိုများ
မကျေမနပ် ဖြစ်ခဲ့သလဲ
ကောင်လေးငယ်

ကောင်လေးငယ်
အရာရာအတွက် 
ရင်ဆိုင်ဖို့ ခွန်အားကော
မင်းပြင်ဆင်ထားတာ
ရှိပါရဲ့လား

မော့မကြည့်စတမ်း
ကိုယ်ထင်ရာစိုင်းတဲ့
မင်းလမ်းကကော
ဖြောင့်ဖြူးမှာတဲ့လား
ကောင်လေးငယ်

လာမနှစ်သိမ့်နဲ့
တစ်ကိုယ်ထဲ လဲ
တစ်ကိုယ်ထဲ ထူ
ဘယ်သူ့အကူအညီမှ
မလိုချင်ဘူးတဲ့လား
ကောင်လေးငယ်

ကောင်လေးငယ်
ဟော...ဟိုမှာကြည့်စမ်း
ပြာလဲ့လဲ့ ကောင်းကင်ကြီးနဲ့

ဟော...ဟိုမှာ
အပြုံးချိုချိုနဲ့ ခွင့်လွတ်ပေးတတ်တဲ့
ကောင်လေးငယ်ရဲ့
အနွေးထွေးဆုံး
အမေအိမ်လေး ရှိသေးတယ်လေ

ဟော.... ထပ်ကြည့်ပါအုံး
ကောင်လေးငယ်

ကောင်လေးငယ် 
မှီခိုဖို့ ပခုံးလေး တစ်ဖက်ကော
ရှိနေသေးတယ်

ကောင်လေးငယ်ရေ
လောကကြီးကို
အနောက်ပြန်မလှည့်ဘဲ
ရှေ့လမ်းကိုသာ ကြည့်လို့
ရဲရဲဝံ့ဝံ့
လျှောက်လမ်းလိုက်ပါလား ကွယ်



No comments:

Post a Comment