မတွဲဖူးတဲ့ လက်တစ်ဖက်ကို
ကြည့်ရင်း
ကိုယ့်လက်ကို ပြန်ကြည့်မိတယ်
ငါ့လက်က ဘာတွေများ စွန်းနေလို့လဲ
ပြုံးနေတဲ့
လူတယောက်ကြည့်ရင်း
ကိုယ့်ကိုကို မှန်ထဲပြန်ကြည့်မိတယ်
ငါဘာကြောင့်များ မပြုံးနိုင်ခဲ့တာလဲ
ကြည်နူးစရာကောင်းတဲ့
အသိုက်အမြုံလေးတစ်ခုကို
ကြည့်ရင်း
ငါတွေဝေခဲ့တယ်
ငါဘာကြောင့်များ
ဒီအသိုက်အမြုံနဲ့ ဝေးကွာစေခဲ့သလဲ
လမ်းဆုံလေးတစ်ခုကိုကြည့်ရင်း
ငါဘယ်လမ်းသွားရမလဲ
တစ်ခုက အတ္တလမ်း
တစ်ခုက ပျော်ရွှင်ဖွယ်ကောင်းတဲ့
အသိုက်အမြုံ
ငါဘယ်လမ်းကိုရွေးချယ်မလဲ
ငါတွေးနေဆဲ
ဒီလိုနဲ့ဘဲ
ငါလဲ တစ်ယောက်ထဲ
အထီးကျန်ခဲ့တယ်
No comments:
Post a Comment