Myanmar Calendar

Monday, December 5, 2011

ကိုရီးယားရောဂါ

မနက်စောစော ဈေးထဲသွားအုံးမှဘဲ။ ဈေးမှာ ၀ယ်စရာတွေ သိပ်များနေတယ်။ ဈေးမ၀ယ်ရတာလည်း ကြာပြီလေ။ ဈေးကို ရောက်တော့ မုန့်ဟင်းခါးစားအုံးမှဘဲ။ မုန့်ဟင်းခါးဆိုင်လည်းရောက်ရော ...................

အန်တီရေ မုန့်ဟင်းခါး တစ်ပွဲလောက်လို့ ပြောတာကို အန်တီကမကြားဘဲ တခြားအန်တီ တယောက်နဲ့ ရေပက် မ၀င်အောင် ပြောနေပါရဲ့ ကိုရီးယားကား အကြောင်းပေါ့။ မုန့်ဟင်းခါးမှာတာတောင် မကြားနိုင်လောက်အောင် အွန်စောလေးက ဘယ်လိုနဲ့ပြောနေလိုက်တာ သူဆိုင်ကို သူများခိုးချင်ခိုးပါစေပေါ့။ မုန့်ဟင်းခါးကိုတောင်မှလာကြနော် ဒီမှာ ကိုရီးယား မုန့်ဟင်းခါးလေးရပြီတဲ့ ။ အော် ကိုရီးယားေ၇ာဂါပေါ့။

နောက်အထည်ဆိုင်ရောက်ပြန်တော့လည်း လာထားနော် ဒီမှာ ကိုရီးယားအင်ကျီတွေနော် လာထား။ ရွေးထားလို့ အော်လိုက် တာနဲ့ ဆိုင်ကို လူတွေအုံလာရော။ ကို၇ီးယားက တော်တော်ခေတ်စားနေပါလားပေါ့။

ထပ်သွားမိပြန်တော့လည်း တွေ့ပြန်ပါပြီ မြန်မာအစားအစာ အချဉ်သုပ်ကို ကင်ချီတွေ၇နေပါပြီတဲ့။ အဲ့လိုပါဘဲ ကိုရီးယား ရောဂါက မသေးပါလား။ ကောင်မလေးတွေ၊ ကောင်လေးတွေကိုလည်း ကြည့်မိပါရဲ့ ကိုရီးယား စတိုင်လေးတွေနဲ့ပါလား။ အော်တော်တော် လည်း ခေတ်စားတဲ့ ကိုရီးယားပါလား။

 

အဲ့လိုနဲ့ အိမ်ပြန်လာခဲ့တာ လမ်းမှာ ကောင်မလေးတစ်သိုက်ကို တွေ့လိုက်ရတယ်။ခဏကပြောသလိုဘဲ ကိုရီးယား စတိုင် ပေါင်တို လေးတွေနဲ့ပေါ့။ စကားတွေပြောနေတာလည်း စုံစီနေတာဘဲ။ ကားစောင့်နေတုန်း ကောင်မလေးတွေကလည်း ကားဂိတ်နားမှာ လာစုနေကြပြီး စကားတွေပြောနေကျတာပေါ့။ စကားတွေကတော့-

ဟဲ့ နင်တို့ပြောတာ သေချာလား။ သူ ဒီလမ်းက လာမယ်ဆိုတာ။ ငါရင်တောင်ခုန်လာပြီ။ သူငါကို ပြန်ကြိုက်ပါ့မလားဟဲ့။ ဘယ်လို လည်း ငါလှနေရဲ့လားတဲ့ ဘာလုပ်မလည်းကြည့်နေတော့ ကောင်လေး တယောက် လွယ်အိတ်လေးလွယ်ကာ ထွက်လာတာကို တွေ့လိုက်တယ်။ ကောင်မလေးက ဟောဟိုမှာ လာနေပြီ ရင်ခုန်လိုက်တာနော့်တဲ့။ ကြည့်နေတော့ ကောင်လေး လည်း အရှေ့က နေဖြတ်သွားရော ကောင်မလေးတွေအုပ်စုမှကောင်မလေးတယောက်ကို အတင်းသွန်းလွတ်ပြီး ၀ိုက်တီး၊ ကြိုးစားထားတဲ့။ အဲ့လိုလည်းပြောပြီးရောကောင်မလေးက ကောင်လေးနောက်ကို ပြေးလိုက်သွားလေရဲ့။ ကျန်တဲ့ ကောင်မလေးတွေ ထဲမှ ကောင်မလေးတယောက်က အဲ့ကောင်လေး သူ့ကို အဖြေမြန်မြန်ပေးပါစေတဲ့။ ကောင်လေးက ကြည့်ကြည့်နေတာ သူပြန်ကြိုက် မှာပါတဲ့။

ကို၇ီးယားကားထဲမှာကြည့်ပါလားတဲ့ ကောင်လေးက တည်တည်လေးနေပြီ ကောင်မလေးက စလိုက်တော့ ကြိုက်သွား ကျတာဘဲတဲ့။

အော် ကိုရီးယားရောဂါကလည်း မသေးနိုင်ပါလားနော်။

ဒီလိုနဲ့ အိမ်ကိုရောက်လို့ ဘေးအိမ်က အန်တီကြီးက ဟဲ့ ဖွေးရယ် အန်တီကျောင်းလိုက်သွားလိုက်အုံးမယ်။ အန်တီအိမ်ကို တချက်လောက်ကြည့်ပေးပါအုံးတဲ့။ ဘာဖြစ်လို့လည်း အန်တီလို့မေးလိုက်တော့ အန်တီသားအငယ်ကောင်လေ ကျောင်းမှာ လူဆိုးဂိုဏ်းဖွဲ့ပြီး တခြားကျောင်းသားတွေကို ရန်ရှာနေလို့တဲ့။ အဲ့ဒါအန်တီကို ကျောင်းဆရာမက ခေါ်လို့ လိုက်သွားရအုံး မယ်တဲ့။ သူ့သားကမှ ရှိတာမှဖြင့် (၄)တန်းဘဲရှိသေးတာကိုနော့်။

ကျွန်မလည်း အံသြနဲ့ ပြန်မေးမိတာပေါ့။ ဟုတ်လို့လား အန်တီရယ်လို့ပြောတော့ ဟုတ်ပါတယ် သမီးရယ်တဲ့။ အန်တီက အိမ်မှာနေရင် ကိုရီးယားကားတွေ အရမ်းကြည့်တော့ ကိုရီးယားကားထဲမှာပါတယ်လေ ကျောင်းသားတွေစုပြီး လူဆိုးအဖွဲ့ဖွဲ့ထားတာ သားလေးကတွေ့ပြီး လူစုမိတယ် ထင်ပါရဲ့။ အန်တီသွားရှင်းလိုက်အုံးမယ်တဲ့။ 

ကြားရပြန်ပြီ ကိုရီးယား။

အော်တယ်လည်းခက်ပါလား ကိုရီးယားရယ်။ ကျွန်မ အလုပ်သွားပြီးအပြန်မှာ နည်းနည်းလည်း အလုပ်ရှုပ်တော့ မှောင်နေပြီ။ ပြန်ရာလမ်းမှာ မြန်မြန်လာမိတာပေါ့။ အဲ့ဒီတော့ ဆိုင်တဆိုင်ရှေ့မှာ ကောင်မလေး (၂)ယောက်ရယ်၊ ကောင်လေး (၁)ယောက် ရယ်က ဘီယာသောက်နေတာကို တွေ့ရတယ်။ ကောင်လေးက သိပ်မသောက်ပေမယ့် ကောင်မလေးကတော့ တော်တော်လေးကို မူးနေလေပြီ။ အဲ့တော့ ကောင်မလေးက ဘာပြောတယ်မှတ်တုန်း
ကောင်လေးကို ငါမူးနေပြီ ငါကို ကိုရီးယားကားထဲကလို့ ကြောပိုးပြီး ပြန်ပို့မှ ရတော့မယ်တဲ့။

အော် တယ်လည်း အတုခိုးမိတဲ့ ကိုရီးယားရောဂါတွေ တနေကုန်တွေ့နေရပါလားနော်။



No comments:

Post a Comment