မချစ်ခဲ့ပါဘူး
မနက်တိုင်း
သူ့အသံလေး
ကြားချင်ယုံပါ
မချစ်ခဲ့ပါဘူး
အရိပ်ကလေးမြင်ရင်
လွမ်းရုံလေးပါ
မချစ်ခဲ့ပါဘူး
ရာသီဥတုမသာယာရင်
သူ့အတွက် စိတ်ပူရုံလေးပါ
မချစ်ခဲ့ပါဘူး
အဆင်မပြေရင်
သူ့ကို တမ်းတမိရုံလေးပါ
မချစ်ခဲ့ပါဘူး
လက်ကလေးအေးရင်
သူ့လက်ကလေးကို
သတိရရုံလေးပါ
မချစ်ခဲ့ပါဘူး
သူ့ဘေးမှာ
ကောင်မလေးရှိရင်
ရင်ဘတ်လေးက နာရုံလေးပါ
မချစ်ခဲ့ပါဘူး
သူစိတ်ချမ်းသာရင်
ကိုယ်ပျော်နေရုံလေးပါ
မချစ်ခဲ့ပါဘူး
ဆံပင်တွေရှည်လာတိုင်း
သူ့အတွက်
ထားပေးရုံလေးပါ
မချစ်ခဲ့ပါဘူး
သူထားခဲ့တဲ့နေရာလေးမှာ
အခုထိရပ်နေမိဆဲပါ
မချစ်ခဲ့ပါဘူး
မချစ်ခဲ့ပါဘူး
No comments:
Post a Comment