Myanmar Calendar

Thursday, February 16, 2012

အချစ်

ဘ၀နှစ်ခုပေါင်းဆုံရခြင်းသည် အချစ်မဟုတ်သလို၊ မပေါင်းဆုံရခြင်းသည်လည်း အချစ်မဟုတ်ပြန်ဘူး၊ လူတယောက်ကို အဝေးကနေ ငေးကြည့်ယုံနဲ့ အချစ်စစ်ဆိုရင် အဲ့လူတယောက်ကို မပိုင်ဆိုင်ရရင်ကော ငေးကြည့်ယုံနဲ့ ကျေနပ်နိုင်ပါ့မလား..............................

ကျမသည် အရင်ကအချစ်ဆိုသည်ကို ပိုင်ဆိုင်ရခြင်းဟု သတ်မှတ်ထားသည်။ အခုကော ကျမ အချစ်ကို ဘယ်လို သတ်မှတ်မည်နည်း............................


သူသည် ကျမဘ၀ထဲကို အမည်မသိ၊ လူအရိပ်အရောင်မသိပါဘဲနဲ့ တိုးဝင်လာခဲ့သည်။ သံဃောဇဉ်ဆိုတဲ့ ကြိုးတချောင်းထဲနဲ့။ သူသည် ကျမအား အလွန်မှ နားလည်ပေးတတ်သူတယောက်။ ကျမ အားငယ်ချိန်တိုင်းလည်း အမြဲအားပေးချင်ခဲ့တဲ့လူ။ ကျမရဲ့ နမောနမဲ့နိုင်တတ်လွန်းသည်ကိုလည်း အမြဲပူပန်ပေးတတ်ခဲ့သူပေါ့။

သူသည် ကျမကို နားလည်ပေးတတ်လွန်းဘဲလို့လား၊ ဒါမှမဟုတ် ကျမရဲ့ အထီးကျန်ဆန်လွန်း၊ အားငယ်တတ်လွန်း တာကိုဘဲ အသုံးချတတ်သွားတာလား မသိ.... ကျမထဲကို တိုးဝင်လာခဲ့သူပေါ့။

သူနဲ့ကျမ အနေဝေးတယ်။ ကျမနဲ့သူမှာနီးစပ်ခဲ့ခြင်းမရှိ၊ ရင်ဘတ်ခြင်းသာ နီးစပ်ခဲ့သည်။ ကျမတို့ကြားမှာ အနေဝေးခဲ့ ပေမယ့် နားလည်မှု၊ ယုံကြည်မှု၊ သစ္စာတရားဆိုတဲ့ အရာတွေနဲ့ နှစ်ပေါင်းများစွာ အချိန်တွေ ကုန်လွန်ခဲ့တယ်။

ကျမသည် အလွန်က ပြာယာခတ်တတ်တဲ့ ခပ်ဆိုးဆိုး ကောင်မလေးတယောက်။ သူကတော့ အမြဲတိကျလွန်းပြီး လူကြီးဆန်တဲ့ လူတယောက်။ ကျမကို အမြဲနားလည်ပေးပြီး ကျမဆိုးသမျှကို အနွမ်နာခံပေးတတ်သူပေါ့။

ကျမကိုသူသည် သူ့၏ကလေးလေးတယောက်သဖွယ် အမြဲဆုံးမတတ်ခဲ့သည်။ သူမသည် သူ့ကိုအားကိုးပါများတော့ တွယ်တာလာမိတယ် ထင်၏။ ကျမတို့နှစ်ယောက်သည် အလုပ်အလွန်များသည့်အတွက် သူနှင့်တွေ့ဆုံဖို့ရန် ခက်သည်။ ကျမနဲ့သူ တနေ့တာကြုံခဲ့ရတာတွေကို ပြန်လည် ဆွေးနွေးတယ်။ သူ့အလုပ်အကြောင်းတွေ ဆွေးနွေးတယ်။ ဖုန်းချခန်နီးတိုင်း သူပြောနေကျစကားကတော့ ကျမကိုယ် ကျမ အားကိုးတတ်အောင် နေတတ်ဖို့။ ကျန်းမာရေး ဂရုစိုက်ဖို့၊ နောက်တခုကတော့ ကျမကို သူ့သိပ်ချစ်တဲ့အကြောင်းပေါ့။

သူပြောတဲ့စကားတိုင်းလည်း ကျမ ကျေနပ်ခဲ့တယ်။ ကျမကို အဲ့လောက်ထိ ဂရုစိုက်တတ်ခဲ့သူဆိုလို့ သူတယောက်ထဲ ရှိခဲ့တာကို။ သူစကားတွေလည်း ကျမနားထောင်မိတယ်ပေါ့။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကျမသူ့ကို တွေ့ချင်လာတယ်။ ကျမက သူ့ကိုတွေ့ချင်ပါတယ် ပြောတော့ သူကပြောပါတယ် ကျမတို့တွေက တွေ့ဆုံမှ အချစ်မဟုတ်ဘူးတဲ့ ရင်ဘတ်ချင်းနီးနေခြင်းက အချစ်ပါတဲ့။ သူ့အတွက်တော့ ကျမပျော်ရွှင်နေတာကိုဘဲ သူ့အတွက် အချစ်ပါတဲ့။ ပိုင်ဆိုင်ရခြင်း၊ တွေ့ဆုံခြင်းက အဓိက မကျပါဘူးတဲ့။

ဒါပေမယ့် ကျမခံယူထားတာတော့ ကျမသူ့ကို ပိုင်ဆိုင်ခွင့်ရချင်ခဲ့တယ်။ ကျမသူ့လက်ကလေး ခိုတွဲခွင့်ရချင်တယ်။ ကျမ သူ့ပခုံးလေးမှာ မှေးစက်ချင်ခဲ့တယ်။ ကျမ ဒီလိုပြောတိုင်း သူက ကျမရဲ့စကားလေးတွေကို ရယ်မောပြီး မင်းက တကယ်ဘဲ ကလေးဆန်တာဘဲတဲ့။ လူကြီးဆန်တတ်အောင် ကြိုးစားစမ်းပါတဲ့။
ကျမအတွေးတွေက သူပြောသည်ကို လက်မခံနိုင်။ တကယ်တော့ အချစ်ဆိုတာက ဘယ်သူမဆို ကိုယ့်ချစ်သူကို ပိုင်ဆိုင်ချင်သည်ဘဲ မဟုတ်ပါလား။ ဒီလိုလေးနဲ့ဘဲ ကျမနဲ့သူ လူချင်းမတွေ့၊ အနေချင်းမနီးပါဘဲနဲ့ ချစ်သူသက်တမ်း တော်တော်ကြာခဲ့တယ်။

တစ်ရက်မှာတော့ ကျမ သူဖုန်းလေးကို ဆက်လိုက်တဲ့အချိန်မှာတော့ သူမဟုတ်တဲ့ ကောင်မလေး တယောက်ရဲ့ ဖုန်းထူးလိုက်တဲ့အသံကို ကြားလိုက်ခဲ့ရတယ်။ ကျမသည် ဖုန်းနံပါတ်များ မှားနှိပ်မိသည်လား၊ ဒါမှမဟုတ် သူ့ညီမလား ဆိုတဲ့ ၀ါးတ၀ါး စိတ်နဲ့ဘဲ ဖုန်းကို ချပစ်လိုက်တယ်။ နောက်တခေါက် ထပ်ခေါ်မိတော့ ကောင်မလေးက ဘာမှာပေး ရမလဲတဲ့။ ကျမက ဘာမှမပြောပါနဲ့ ရပါတယ်လို့ ပြောပြီး ဖုန်းချလိုက်တယ်။

နောက်တရက်မှာတော့ ကျမ သူ့ဖုန်းလေးကို ဆက်လိုက်ပြီး မေးလိုက်တဲ့အချိန်မှာ သူက ကျမကို အရင်ဆုံး မေးပါ တယ်။ ကိုကို့ကို တကယ်ချစ်လားတဲ့။ ကျမကလည်း တကယ်ချစ်တာပေါ့လို့ ပြန်ဖြေခဲ့တယ်။ နောက်တခု ထပ်မေးတယ် ကျမအတွက်က အချစ်ဆိုတာကို ပိုင်ဆိုင်ခြင်းလို့ သတ်မှတ်သည်လား ရင်ဘတ်ခြင်းနီးစပ်သည်ကို အချစ်စစ်လို့ သတ်မှတ်သည်လားတဲ့။ သူ့အတွက်ကတော့ အချစ်ဆိုတာက ပိုင်ဆိုင်ရယူခြင်းမဟုတ်ဘဲ ကျမ ပျော်ရွှင်တာလေးတွေကို လိုက်လုပ်ပေးချင်တဲ့ အချစ်တဲ့။

ကျမဘာအတွက်ပြောသည်လည်းလို့ မေးလိုက်တော့ သူ့မှာ ပိုင်ရှင်ဆိုတဲ့ သက်ဆိုင်သူက ရှိပြီးသားတဲ့။ အချစ်ဆိုတာ သူ့အတွက်တော့ ကျမတယောက်ထဲအတွက်ပါတဲ့။ ကျမသည် ဖုန်းခွက်ကို တိတ်တဆိတ်ကြည့်နေခဲ့တယ်။ ကျမသည် ဘာကိုပြောရမည်နည်း။ ဒါကြောင့် သူပြောနေကျစကားက ပိုင်ဆိုင်ခြင်းမဟုတ်တဲ့ အချစ် ဆိုသည်လား....................................

ဒါဆို ကျမ အချစ်ကကော...............................................


No comments:

Post a Comment