အိပ်မက်တွေထဲမှာ
နင့်ပုံရိပ်များ
ခဏခဏမက်လည်း
နင်ဘာများဖြစ်နေမလဲဆို
ခဏခဏ စိတ်ပူမိတာ
မသက်ဆိုင်တော့တဲ့............... ငါ
အမှတ်တမဲ့တွေ
ခဏခဏဖြစ်တိုင်းလဲ
ခဏခဏ
ယောင်ယမ်းပြီး
တမ်းမိတာက
မသက်ဆိုင်တော့တဲ့........ငါ
ရှပ်ပြာရှပ်ပြာနဲ့
အလုပ်တခုခုလုပ်လိုက်တိုင်း
မှားသွားခဲ့ရင်
ဆူသံလေးမကြားရရင်
မနေတတ်တာ
မသက်ဆိုင်တော့တဲ့........ငါ
တီရှပ်ဖြူဖြူလေးတွေ
မြင်တိုင်း
ဆိုက်နံပါတ်ကိုအပြေးအလွှာကြည့်
ဈေးမေးမိတာ
မသက်ဆိုင်တော့တဲ့.......ငါ
မသက်ဆိုင်တာများ........................
မသက်ဆိုင်တဲ့ အမှတ်တမဲ့များ...................
မသက်ဆိုင်တဲ့.......................
သူ့အနား
သက်ဆိုင်နေချင်သေးတာ......................ငါ
No comments:
Post a Comment