ကျမ....ဒီနေ့....သူ့ကို သတိရနေခဲ့ပါသည်......
သူသည် ကျမ...ဘ၀ထဲကို မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ၀င်ရောက်လာခဲ့ပြီး ဘာအသံမှ မပေး ဘဲ ပြန်လည် ထွက်ခွာသွားခဲ့သူ တယောက်။
ကျမသည် သူ့အပေါ်တွင် သစ္စာတရား ထားခဲ့သည် ထင်ပါရဲ့။ သူသည်လည်း ကျမပေါ်တွင် အရင်ကတော့ သစ္စာဆိုတာကို ၇ှိခဲ့မည် ထင်ပါသည်။
ဒါပေမယ့် ကျမတို့နှစ်ယောက် လမ်းခွဲချိန်မှာတော့ သိပ်ကို ပူလောင်လွန်းခဲ့ပါသည်။
ဒါပေမယ့် ကျမ သူ့စကားတခွန်းကိုတော့ အသိအမှတ်ပြုရင်း ဘ၀တသက်တာအတွက် အရှုံးတွေကို ရင်ဆိုင်နိုင်လောက်အောင် သူက ပြုစားစေခဲ့တယ်.....
သူ့ဘက်ကကော ကျမအတွက်ဆိုပြီး... သူ့ဘ၀ကို အချိန်တွေနဲ့ ကုစားသွားမယ် ထင်နေပါသော်လည်း မဖြစ်နိုင်မှန်း ကျမသိတယ်.... သို့သော် ကျမ သူ့လိမ်ညာစကားကို ယုံကြည်နေတုန်းပါဘဲ။
လူဆိုတာကလဲ ယုံကြည်ပြီဆိုရင် အဲ့လူတယောက် ကိုယ့်ခေါင်းကိုခေါက်သွားတာတောင် အပြစ်မမြင်တတ် ပါဘူး။ ကျမလဲ ဒီလိုဘဲ ထင်ပါရဲ့....
သူအပြစ်တွေလုပ်သွားလည်း... ကျမ...
သူမသိအောင် သတိရတယ်...
သူမသိအောင် တိတ်တိတ်လေး လွမ်းတယ်....
သူမသိအောင် တိတ်တိတ်လေး ချစ်နေသေးသတဲ့...........
No comments:
Post a Comment