Myanmar Calendar

Wednesday, March 14, 2012

အွန်လိုင်းပုံပြင်


ကောင်လေးနဲ့ ကောင်မလေးက အင်တာနက်ထိုင်ရင် ချက်တင်းမှာ ခင်ကြသတဲ့။ အစ ကတော့ ကောင်မလေးက ကောင်လေးကို မေးတယ်.......

ကောင်မလေး။ နင်ကဘယ်ကတုန်း.....

ကောင်လေး။ ငါက --------- ကပါတဲ့။


ကောင်မလေး။ ငါကလည်း ဒီမြို့ကပါဘဲတဲ့။

အဲ့လိုနဲ့ ကောင်လေးနဲ့ ကောင်မလေး အရမ်းခင်သွားကြသတဲ့။ ကြာလာတော့ သံဃောဇဉ်တွေ တွယ်လာကြသတဲ့။ ကောင်လေးအကြောင်း အားလုံးကို ကောင်မလေးက သိသလို ကောင်မလေး အကြောင်းအားလုံးကို ကောင်လေးကလည်း သိသတဲ့။

ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် တွယ်တာလာတာပေါ့။ တစ်နေ့မှာ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်ဆိုပြီး ဖွင့်ပြောသတဲ့။ ကောင်မလေးက စိတ်ဆိုးတာပေါ့။ အဲ့ခါ ကျတော့ ကောင်လေးက ကောင်မလေးကို တောင်းပန်တာပေါ့။ အဲ့လိုနဲ့ ကောင်မလေးက စိတ်ဆိုးပြေ သွားသတဲ့။ 

တစ်နေ့မှာ ကောင်လေးက ကောင်မလေးကိုပြောတယ် အပြင်မှာ တွေ့ဖူးချင်တယ် လို့ပြောတော့ ကောင်မလေးကလည်း သဘောတူလိုက်တယ်။ အချိန်ရယ်၊ နေရာရယ်၊ ဘာအရောင်လေး ၀တ်လာမယ် ဆိုတာကော ကောင်မလေးက ပြောလိုက်တယ်တဲ့။ ကောင်လေးကလည်း တွေ့ရတော့မယ်ဆိုတော့ ပျော်နေရှာတာပေါ့။ ရင်ခုန်နေတာပေါ့။ အဲ့လိုနဲ့ ချိန်းထားတဲ့ နေ့လည်းရောက်ရော ကောင်လေးက အိမ်ကနေစောစောထွက်ခဲ့တာပေါ့။ 

သူလိုဘဲ ကောင်မလေးကလည်း စောစောထွက်လာတယ်တဲ့။ ကောင်မလေးက အိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာတာပေါ့။ ဖြစ်ချင်တော့ ကောင်မလေး ဆိုင်ကယ်မောင်းနေတုန်း ကလေး တစ်ယောက်က လမ်းဖြတ်ကူးတော့ ကောင်မလေးက ရှောင်လိုက်တာ ကလေးကတော့ ဘာမှမဖြစ်ဘူး ကောင်မလေးကတော့ လမ်းဘေးအုတ်ခုံနဲ့ရိုက်မိသွားတယ်။ 

အဲ့အချိန်မှာဘဲ ကောင်လေးဆိုင်ကယ်ကလည်း ကောင်မလေးဘေးကအဖြတ် လူတွေအုံနေတာတွေ့လို့ ဘာဖြစ်တာလည်းလို့ မေးလိုက်တော့ ဆိုင်ကယ်မောက်တာ ပွဲချင်းပြီးဆုံးသွားရှာတယ် သနားပါတယ် ကွယ်တဲ့။ ကောင်လေးကလည်း သူချိန်းထားတာကိုသတိရပြီး ချိန်းထားတဲ့နေရာကို သွားလိုက်တယ်။ အဲ့လိုနဲ့ ကောင်လေးက ကောင်မလေး သူကိုအရူးလုပ်သွားတယ်ထင်တာပေါ့။ အရူးလုပ်သွားတယ် ထင်ပေမယ့် ကောင်လေးက ကောင်မလေးအပေါ်မှာ အချစ်တွေလျော့မသွားခဲ့ဘူး။ ကောင်မလေးကလည်း အသက်ငင်နေတုန်းမှာ ကောင်လေးနာမည်ကို တမ်းတစွာ တစ်ချက်ဘဲခေါ်ပြီးအသက်ထွက်သွားရှာသတဲ့။

No comments:

Post a Comment