Myanmar Calendar

Sunday, March 18, 2012

ချောင်းသာအမှတ်တရ



ကျမတို့ သူငယ်ချင်းတွေစုပြီး ခရီးထွက်ကြမယ်လို့ ဆိုလိုက်တာနဲ့ အရင်ဆုံး သွားချင် တဲ့ နေရာကတော့ ချောင်းသာဘဲဆိုပြီး ချောင်းသာကို အရင်သွားကြ ပါတယ်။  ဒီကားကြီးနဲ့ပေါ့....




သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ ချောင်းသာကို ချီတက်လာကြပါတယ်။  တောင်ပေါ်သူတွေဆိုတော့ ကမ်းခြေကို မမြင်ဖူးဘူးလေ။ ချောင်းသာလဲ ရောက်ရော လိုင်းတွေကို မြင်လိုက်တာနဲ့ ကားတောင် မရပ်သေးဘူး ဆင်းချင်နေတာ။ ကားလည်း ရပ်ရော ကျမတို့ သူငယ်ချင်းတွေ ရေထဲကို တန်းပြေးကြတာပါဘဲ.....

ချောင်းသာကို စရောက်အချိန်....



ကားပေါ်က ဆင်းဆင်းချင်း ရေထဲဆင်းသွားတာ ကိုယ့်ကား ထွက်သွားတာတောင် မသိလိုက်လို့ နောက်ဆုံး ဆိုက်ကားစီးပြီး တည်းမယ့် ဟိုတယ်ကို ပြန်ခဲ့ရပါတယ်.......:P


ဟိုတယ်ရောက်ပြီး ရေချိုးပြီးတာနဲ့ သဲဖြူကျွန်းကို သွားကျမယ့် အမှတ်ရများ.....




လိုင်းတွေကြီးနေလို့ မသွားပါနဲ့ဆိုတာကို သွားမှာဘဲဆိုပြီး ဇွတ်သွားကြတာ. ...မော်တော်ပေါ်ရောက်မှဘဲ လိုင်းတွေ မြင်တော့ ကြောက်ကျတယ်။..... ဟီးဟီး.... ။ ကြောက်တာကိုလဲ မပြောရဲဘူးလေ.....

သဲဖြူကျွန်းရောက်တော့ ကြောက်တာတွေမေ့သွားပါတယ်။ ပျော်စရာ ရေပြင်ကြီးကို မြင်လိုက်လို့ပေါ့။

သဲဖြူကျွန်းပေါ်က အမှတ်တရများ....

 ပျော်ပျော်ပါးပါးနဲ့ ကဲခဲ့ကြတာလေ......

လိုင်းတွေကို သဘောကျ လွန်းလို့ ရေထဲဆင်းကျတဲ့ အမှတ်တရများပေါ့...


ကျောက်မောင်နှမ သွားတုန်းက အမှတ်တရများ

ပြန်မယ့်ရက်က အမှတ်တရများ









No comments:

Post a Comment