အရင်ကလို
မနက်လင်းလို့
မောနင်းလို့
ပြောရမယ့်သူမရှိတော့တဲ့အခါ
ဒီကောင်မလေး
မနက်ခင်းတွေ
မသာယာတယ်
အရင်ကလို
ခေါင်းကိုက်ရင်
ဆေးသောက်ပါလားလို့
သတိတရနဲ့
ဆေးတိုက်မယ့်သူမရှိတော့တဲ့အခါ
ဒီကောင်မလေး
ကျန်းမာနေတယ်
အရင်ကလို
ရှပ်ပြာရှပ်ပြာမလုပ်နဲ့လို့
သတိပေးတဲ့
အသံလေးမရှိတော့တဲ့အခါ
ဒီကောင်မလေး
သတိရှိတယ်
အရင်ကလို
ကလေးမဆန်ပါနဲ့လို့
ဆူပူသံလေး
မကြားရတဲ့အခါ
ဒီကောင်မလေး
မူနွဲ့ဖို့ရာ ခက်တယ်
အရင်ကလို
အရင်ကလို
အရင်ကလို
အသံများ မရှိတော့တဲ့အခါ
ဒီကောင်မလေး
အသဲကွဲနေတယ်
No comments:
Post a Comment