Myanmar Calendar

Wednesday, March 21, 2012

အသိပေးဖို့ ကျန်နေသေးတယ်

လမ်းခွဲလိုက်ပြီလို့
သူငယ်ချင်းတွေကို ပြောတိုင်း
ဘယ်လိုမှ လက်မခံနိုင်သေးတဲ့
ငါ့ဦးနှောက်ကို
အသိပေးဖို့ ကျန်နေသေးတယ်


မချစ်တော့ပါဘူးလို့
ပြောခဲ့မိတိုင်း
မဟုတ်ပါဘူးလို့
ဇွတ်ငြင်းနေသေးတဲ့
ငါ့နှလုံးသားကိုလည်း
အသိပေးဖို့ ကျန်နေသေးတယ်


ဖုန်းမဆက်တော့ပါဘူးလို့
ဆုံးဖြတ်ခဲ့တိုင်း
အကျင့်ပါနေတဲ့
လက်တွေကို
အသိပေးဖို့ ကျန်နေသေးတယ်


မစဉ်းစားတော့ပါဘူးလို့
ဆိုပေမယ့်
သူ့ဆီလွှင့်နေတဲ့
င့ါအတွေးတွေကို
အသိပေးဖို့ ကျန်နေသေးတယ်


မလွမ်းလောက်ပါဘူးဆိုပေမယ့်
အမှတ်တမဲ့တွေမြင်တိုင်း
လိုက်လိုက်ငေးမိနေတဲ့
ငါ့မျက်လုံးတွေကို
အသိပေးဖို့ ကျန်နေသေးတယ်


မဖြစ်နိုင်တော့ဘူး ဆိုပေမယ့်
ဖြစ်နိုင်အုံးမလားဆိုတဲ့
ငါ့စိတ်တွေကို
အသိပေးဖို့ ကျန်နေသေးတယ်

No comments:

Post a Comment