Myanmar Calendar

Saturday, March 24, 2012

အဆိပ်ခတ်ခံလိုက်ရပြီ

မင်္ဂလာ အခမ်းအနားကြီး စတင်လိုက်ပါပြီ......

“ ဟိတ်ရောင်.... မင်းကတော့ မိန်းမ ချောချောလေး ရလိုက်တာ... ကံကောင်းတာပေါ့ကွာ။ မင်းကတော့ အသက်ကြီးမှ ဘယ်က ကောင်မလေးကို သွားရှာခဲ့တာလဲ။ ”

သူတို့ဝိုင်းနောက်တာကို ကြည့်ရင်း ကျမ သူ့မျက်နှာကို ကြည့်မိခဲ့တယ်။ ရှက်ရှက်နဲ့ပေါ့။ တကယ်ဘဲ ကျမ ကံကောင်းမယ် ထင်ပါတယ်။ ကျမနဲ့ သူ လူကြီးချင်း သဘောတူလို့ လက်ထပ်ဖြစ်ခဲ့တယ်။ 

ကျမ....သူ့ကို လူကြီးတွေ မိတ်ဆက်ပေးကတည်း ကျမ သူ့ကို နှစ်သက်ခဲ့မိတယ်။ ကျမ... သူ့အနားမှာ နေခွင့်ရဖို့ ဘုရားမှာ ဆုတောင်းခဲ့ဖူးပါတယ်။ 

ဒီနေ့ ကျမတို့ နှစ်ယောက် မင်္ဂလာဆောင်တဲ့နေ့ပေါ့။ ကျမ...သူ့မျက်နှာကို ကြည့်ရင်း ပျော်ရွှင်တာကော၊ ရင်ခုန်တာကော ပါမှာပေါ့။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ်ဘဲ ပိုင်ဆိုင်ချင် ကျတာပါဘဲ။ မဟုတ်ဘူးလား ။


ဒါပေမယ့် သူ့မျက်နှာကတော့ ကျမကို ပိုင်ဆိုင်လိုက်ရလို့ သူပျှော်ရွှင်ခဲ့ပုံမပေါ်။ တခုခုကို စဉ်းစားနေသလိုလို။ သူ့မျက်လုံးကတော့ ကြေကွဲရိပ်သန်းနေသလိုလို။ အနီရောင် သန်းနေသလိုလို။ 

ကျမ....သူ့ကို အရိပ်လိုကြည့်နေတာ့... ကျမ...သူ မပျှော်ရွှင်တော့လဲ... ကျမ မပျှော်ရွှင်ပါ။


သူ့ သူငယ်ချင်းတွေက တီးတိုးပြောနေတော့လည်း သူ့ပုံစံက ဘာမှမပြော.... သူ့တို့ ဘာတွေပြောနေလဲ ဆိုတာ ကျမမသိဘူး။ ကျမ...သူ့တို့အနားရောက်သွားတော့... သူ့သူငယ်ချင်းတွေက ကျမကို ၀ိုင်းပြီး စကျတယ်။ ကျမ ကျေနပ်နေပြန်တယ်။ ဒါတွေက ကျမနဲ့ သူကို စနေလို့ သူလဲ ရှက်နေတယ် ထင်ပါရဲ့။

ကျမနဲ့သူ မင်္ဂလာဆောင်ခဲ့ခြင်းက သူများတွေလို ကြီးကြီးကျယ်ကျယ် မဆောင်ဖြစ်ခဲ့။ အဖြစ်သဘောနဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လောက်သာ လုပ်ခဲ့တယ်။ သူ့ကိုပြောတော့ သူ့ကလဲ သဘောကျတယ်။ ကျမကလည်း သူ့သဘောပေါ့။ သူ့အလုပ်ရှိရာကို ကျမက လိုက်နေရတဲ့သူဆိုတော့ သူ့အသိုင်းအ၀ိုင်းကို ကျမမသိဘူး။

သူနဲ့ကျမ မင်္ဂလာဆွမ်းကပ်ခဲ့တာ သူ့သူငယ်ချင်းတွေလောက်ဘဲ ဖိတ်ခဲ့တယ်။ ဒါပေမယ့် ကျမ ကျေနပ်ခဲ့တယ်လေ။ ကျမ သူ့ကိုချစ်တယ်လေ။ ကျမ... သူ့ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ဘာတွေများ လိုအပ်အုံးမလဲ။

ကျမတို့ မင်္ဂလာဆောင်ပြီးနောက် (၁)ရက်၊ အစောမှာတော့ ကျမကို သူအိမ်မှာထားခဲ့ပြီး သူအလုပ်ကို ထွက်သွားပါတယ်။ ကျမလိုက်ခဲ့ရမလားလို့ မေးတော့ .... ပင်ပမ်းနေပါ့မယ့် နေခဲ့လိုက်ပါတဲ့...။

ကျမ...သူ့အပြောလေးကြောင့်ဘဲ ကျေနပ်စွာနဲ့ နေခဲ့တယ်။ 

ဒီလိုနဲ့ ကျမတို့ လက်ထပ်ခဲ့တာ (၁၀)ရက်ကျော်ကြာခဲ့ပြီ။ သူက ကျမကို တာဝန်နဲ့ ၀တ္တရားအရဘဲ ခေါ်ပြော၊ ဆက်ဆံခဲ့တယ်။ ကျမ... မေးရင်လည်း အလုပ်ပင်ပမ်းလို့ဆိုတဲ့ အကြောင်းပြချက်ဘဲ ရခဲ့တယ်။ 

ကျမ.... သူထားခဲ့တဲ့ အိမ်မှာဘဲနေရင်း ကျမ သူ့အလုပ်ပြန်ချိန်ကိုဘဲ ကြိုဆိုခဲ့ရတယ်။ ဒါပေမယ့် ကျမ ကျေနပ်နိုင်ခဲ့တယ်။ ကျမ... သူ့ကိုချစ်တယ်လေ။

တရက်မှာတော့ သူ.... အရိပ်တကြည့်ကြည့်နဲ့ ရှိနေတဲ့ ဖုန်းက ကျန်ခဲ့တယ်။ ကျမလည်း ပျင်းတာနဲ့ သူ့ဖုန်းကို လျှောက်ကလိမိတယ်။ သူ့ဖုန်းထဲမှာ နာမည်လေးတခု၊ နာမည်လေးရဲ့ အကြောင်းအရာ၊ အချက်အလက်စုံလင်အောင် မှတ်ထားတယ်။ ကျမ... ပြာယာခတ်စွာနဲ့ ဒီနာမည်လေးနဲ့ ပတ်သက်တဲ့ သူမှတ်ထားတဲ့ အကြောင်းအရာကို အသည်းအသန် လိုက်ရှာဖတ်မိခဲ့တယ်။ 

သူမှတ်ထားတဲ့အကြောင်းအရာတွေက သူနဲ့ ပတ်သက်တဲ့ ကျမထက်တောင် စုံလင်နေပါသေးတယ်။ ပြီးတော့ သူ့နာမည်လေးတောင် ပြောင်းထားသေးတယ်။ အသက်ထက်သမျှ ချစ်ရသူတဲ့....။ ဒါဆို ...ကျမကကော....။

ကျမ စဉ်းစားတယ်။ ကျမ.... ဘာလုပ်သင့်သလဲ။ သူ့ကောင်မလေးလား....။ ဒါဆို ...သူဘာကြောင့် ကျမကို လက်ထပ်ခဲ့တာလဲ။ ဒါကြောင့် ကျမနဲ့ လက်ထပ်တာ သူမပျှော်ရွှင်ခဲ့တာလား....။ ဒါဆို....ကျမက သူများရဲ့ ချစ်ခြင်းကို ခွဲခဲ့သူလား.......။

ကျမစဉ်းစားနေတုန်း.... ဆိုင်ကယ်သံကို ကြားရတယ်။ ကျမလဲ မသိသလိုနဲ့ သူ့ဖုန်းကို ပြန်ထားပေးလိုက်တယ်။ သူကတော့ အလောတကြီးနဲ့ “ ကိုယ့်ဖုန်းကျန်ခဲ့တယ်....တွေ့မိလား ”

ကျမလဲ ကျန်ခဲ့တဲ့ ဖုန်းကိုယူပေးလိုက်တယ်။ သူက ကျမကို မယုံသလိုနဲ့ ကြည့်နေသေးတယ်။ “ မင်း... ဘာတွေ လျှောက်ကလိသေးလဲ........။ ”

ကျမ...အစကတော့ မမေးဘူးလို့ နေခဲ့ပေမယ့်...ကျမ.. ဘယ်လိုမှ မခံစားနိုင်ဘူး.... နောက်ဆုံးတော့... ကျမ မေးခဲ့မိတယ်။ “ အဲ့နာမည်ပြောင်းထားက ဘယ်သူလဲ။ ရှင့်ချစ်သူလား...... ကျမကို ဘာကြောင့် လက်ထပ်ခဲ့တာလဲ........။ ရှင်ဒီလောက်ချစ်နေမှာတော့.....”

ကျမ..မေးတော့ သူက “ ကောင်းပြီ ကိုယ်ပြောပြမယ်။ သူက ကိုယ်အသက်ထက် ချစ်ခဲ့သူ တစ်ယောက်။ သူက သိပ်ဖြုစင်တာ။ သိပ်ကလေးဆန်တာ။ သူ့ကို ကိုယ်ချစ်တယ်။ ဒါပေမယ့်... ကိုယ် မိဘစကားကို မလွန်ဆန်နိုင်ဘူး....။ ဒါကြောင့် ကိုယ်အသဲကွဲခံလိုက်တာ။ သူ့ကို ကိုယ်အမြဲချစ်နေမှာပါ။ မင်း...သူ့ကို ပြောစရာမလိုဘူးနော်....။ သူ..... ကိုယ်...အိမ်ထောင်ပြုလိုက်တာကို အခုထိ မသိသေးဘူး...။ ကိုယ်နဲ့ ပတ်သက်ရင် သူက ကိုယ်ပြောသမျှ ယုံနေတုန်းဘဲ....... ။ မင်း....သူ့ကို ဘာမှ သွားမပြောပါနဲ့...။ ကိုယ်သူ့ကို မယူပါဘူး...။ မင်းကိုဘဲ လက်ထပ်ခဲ့ပြီးပြီဘဲ.......။ ဒီလောက်ဆို မင်းသိသင့်ပြီပေါ့...။ မပိုင်ဆိုင် ရပေမယ့် ငါ့....သူ့အသံလေးတော့ ကြားခွင့်ရပါစေကွာ....။ မင်းဒါကိုတော့ နားလည်ပေးပါ.....။ သူ ....ကို ကိုယ်...အိမ်ထောင်ပြုလိုက်တာ မသိစေချင်ဘူး....သူခံစားတာကို ကိုယ်မမြင်ချင်ဘူး...။ သူက အရမ်း စိတ်ဓါတ်ကျလွယ်။ ကိုယ်..အိမ်ထောင်ကျသွားတာသိရင် သူအရမ်းခံစားရမှာ။ သူ စိတ်တွေလေလွှင့်သွား လိမ့်မယ်... မင်း... နားလည်ပေးပါကွာ...”

ကျမ....သူ ပြန်ဖြေလိုက်တဲ့ စကားတွေကို ဘယ်လို တုန်ပြန်ရမလဲဆိုတာ မသိခင်မှာ သူဖုန်းလေးက အသံမြည်လာခဲ့တယ်......

သူ ကျမကို တချက်ကြည့်ပြီး “ အင်း....ပြော.... ကလေးပြော.... ကိုယ်အခု ဆိုင်မှာလေ.... ကလေးကို ကိုယ်သတိ၇နေတာ... ကိုယ်အိမ်ထောင်မကျသေးပါဘူးကွာ.... ဘယ်သူပြောတုန်း .... ကလေး စိတ်ထိခိုက်အောင် မလုပ်ပါဘူး.....” တဲ့

ကဲ့....ကျမ.... မြင်မြင်ချင်း ချစ်ပြီး လက်ခံခဲ့မိတဲ့သူက....ကျမ...ဘ၀ တခုလုံးကို အဆိပ်ခတ်သွားပြီ။ ကျမ နှုတ်လို့မရတဲ့ အဆိပ်ခတ်ခံရလိုက်ရပြီ........




No comments:

Post a Comment