အရင်ကလို
မိုးရွာချိန်မှာ အတူရှိခဲ့တဲ့အချိန်တွေကို
မတမ်းတချင်တော့ဘူး....ကို
အရင်ကလို
ကိုယ့်ဘာလုပ်လုပ်
ကိုယ့်ရှေ့မှာ မားမား မတ်မတ်ရပ်တည်ပေးမယ့်
ကို....ကို့မလိုချင်တော့ဘူး....ကို
အရင်ကလို
စံပယ်ပွင့်ရင်
ပြန်ခဲ့မယ်ဆိုလို့
စံပယ်ပန်းလေး
မြန်မြန်ပွင့်အောင်
ရေလောင်းပေးရတဲ့အချိန်တွေကို
မတမ်းတချင်တော့ဘူး.....ကို
အရင်ကလို
ဒီ ၀ါဆို ရင်
ပြန်ဆုံကြမယ်ဆိုတဲ့စကားကို အတည်ပြုလို့
ဝါဆိုတွေကို မျှော်ရလွန်းတဲ့
ကောင်မလေးလည်း
မဖြစ်ချင်တော့ဘူး....ကို
ကို.....ထားရာနေ
ကို.......စေရာသွား
ကို.....ပြောသမျှ
အယုံလွယ်မိလို့
ကို့အတွက်နဲ့
နားလည်ခဲ့ရတဲ့
ဒီအသည်းက
အခုတော့လည်း
ကိုပေးတဲ့
ဒဏ်တွေနဲ့ဘဲ
အစိပ်စိပ်ကွဲလို့
ပြန်ကုစားဖို့ခက်တော့
ကိုဘာပြောပြော
မယုံတတ်တော့တာ
ဒီကောင်မလေး မှားလား ကိုရယ်.......
No comments:
Post a Comment