Myanmar Calendar

Friday, May 11, 2012

နှလုံးသား ကဗျာ

အလွမ်းကို ထိပ်ဆုံးတင်
အတွေးကို ဦးနှောက်ထဲထည့်
မျှော်လင့်ချက်ကို ဟိုအဝေးဆုံးကို ပို့လို့
ရင်ခွင်တံခါး ဖွင့်ကာ
ကဗျာလေး ရေးတယ်

ကဗျာကောင်းကောင်းရဖို့
ခံစားချက်ရှိမှ ဖြစ်မယ်တဲ့
နင်အမြဲပြောတဲ့စကား..........

ဟုတ်ပါတယ်
မှန်ပါတယ်
ခံစားချက်များလွန်းလို့
ကဗျာစာလုံးတိုင်းက

နင့်အကြောင်းသာ
သက်ဆိုင်တယ်

ကဗျာတိုင်းလည်း
ပျှော်ရွှင်မှုမရှိ
ခံစားချက်
အသည်းကွဲကြောင်းသာ
ရေးနေရသာ
ကဗျာလေးတွေတောင်
အားနာလှပီကွယ်

အသည်းကွဲကြောင်း
မရေးချင်ပေမယ့်
ငါ့နှလုံးသားရဲ့ သံစဉ်တွေမို့
ငါ့ကို နားလည်ပေးကြပါ
ကဗျာလေးတွေရယ်

နင်တို့ကို မငိုစေချင်ပေမယ့်
ငါကိုယ်တိုင်လည်း ငိုနေရတော့
နင်တို့လည်း
ပျော်နိုင်ပ့ါမလားတဲ့........

No comments:

Post a Comment