Myanmar Calendar

Saturday, June 23, 2012

မောင်...........

မောင်......

မောင်မသိခဲ့တာလား.....မောင်သိရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့တာလား......ဆိုတာ ကျမမသိပေမယ့် ကျမခံစားနေရတာကိုတော့ မောင့်ကိုသိစေချင်ခဲ့တယ်.......

ဒါပေမယ့် မောင်ရယ်....ကျမက ဖွင့်ပြောဖို့ထပ် မောင်ဘာသာ နားလည်ခဲ့တာက မကောင်းဘူးလား...မောင်.

ကျမက မောင့်ကို သိပ်ချစ်တတ်နေပြီဆိုတော့...မောင်ဘက်က ဘယ်လိုနေနေ ကျမ...မောင့်အတွက် ခံစား၊ နားလည်ပေးချင်ခဲ့တယ်..... မောင်ရဲ့  အေးချမ်းမှု၊ ပူလောင်မှုတွေ ကို မျှဝေခံစားပေးချင်တာပါ.....မောင်

ဒါတွေကို မောင်က သိရက်နဲ့လား....မသိလို့များလား.......မောင်

မောင့်ဘက်က ဂရုစိုက်မှုဆိုတာထပ်....မောင်ကိုအရင် နားလည်ပေးနိုင်အောင်ကော .. .မောင်ဘက်က မောင်အကြောင်းတွေကို ကျမကို ဖွင့်မပြောပြနိုင်ဘူးလား....

ဒါနဲ့များ ကျမတို့ နှစ်ယောက် ရှေ့ဆက်လက်တွဲဖို့ ဖြစ်နိုင်မယ်တဲ့လား....

တယောက်အပေါ် တယောက်က နားလည်ပေးနိုင်အောင်တောင် မောင်ဘက်က မပွင့်လင်းနိုင်ခဲ့တာ...ကျမတို့ ဘယ်လိုရှေ့ဆက်ကြမလဲ......ကျမရင်လေးတယ်မောင်......

တခါတလေတော့လည်း စိတ်ပျက်မိတယ်....

မောင်က အနေအေးတာလား...ဒါမှမဟုတ်ရင် ကျမကို မပြောပြချင်တာလား.... မသိပေမယ့်........ မောင်ဘက်က အေးစက်စက် အမူအယာတွေကို မခံစားနိုင်ဘူး... မောင်

တကယ်ဆို ကျမနဲ့ မောင်က ဘ၀လက်တွဲဖော်လို့ ရည်၇ွယ်ထားကြတာ မဟုတ်ဘူးလား...... ဒီတော့ ကျမတို့ ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်သင့်ပြီလေ........
 

 

No comments:

Post a Comment