``အမက်မောဆုံးဘဲ...နင်အပြုံးလေးများနဲ့...ဘာတွေကများ
ငါအား ဒူးထောက်စေခဲ့လည်း...ငါ့အမုန်းဆုံးဘဲ နင်ဘေးနား ရှိတဲ့...ဟိုကောင်မလေးတွေနဲ့
နင်ချစ်သွားမှာ ဆိုးတယ်...... ´´
နီနီခင်ဇော်ရဲ့
သီချင်းလေးကို မိုးအေးအေးနဲ့ နားထောင်လိုက်တာ...ကျမအတွက်တော့ အတိတ်ကို သတိရစရာ
ဖြစ်သွားပါတယ်။ သီချင်းထဲက စာသားတွေကလည်း ကျမ အကြောင်းများ
စပ်ဆိုထားလား....ထင်ရပါတယ်......
သူနဲ့ကျမ တွေ့ဆုံခဲ့တာက
ကျမအလွန်ခုံမင်ခဲ့သော
စာအုပ်တိုက်တခုမှာပေါ့......
ကျမ
လိုချင်တဲ့စာအုပ် တအုပ်ကို အာရုံစိုက်ရှာနေတုန်း...ကျမ..မျက်စိရှေ့တည့်တည့်ကို
ကတီဘာဖိနပ်နဲ့ ခြေထောက် ဖြူဖြူလေး တစ်စုံ ရောက်ရှိလာခဲ့ပါတယ်.......သူခြေသည်းလေးတွေကလည်း...လေးထောင့်ပုံစံလေး...
ခြေချောင်းလေး တွေကလည်း....ပိန်ပိန်ရှည်ရှည်လေးနဲ့ တော်တော်ကို သန့်ရှင်း
သပ်ရပ်နေပါတယ်......
ကျမ
ဒီလောက်သပ်ရပ်နေတဲ့ ခြေထောက်တစ်စုံရဲ့ ပိုင်ရှင်ကို
ခေါင်းမော့ကြည့်လိုက်မိတယ်....ဘယ်လိုပုံစံလေးလဲ သိချင်လို့.......
အမယ်လေး...ကြည့်လိုက်မိတဲ့ ကျမ မျက်လုံးတွေက သူ့အနားက
လုံးဝခွာလို့မရတော့ပါလား......
ကျမ
ရင်ခုန်သံတွေ မြန်နေပါလား.....
သူကတော့
ကျမကြည့်နေတာကို
မသိ.....သူအာရုံနဲ့သူ.....တော်ပါသေးတယ်...သူမကြည့်လာလို့ပါဘဲ...သူများ
ကြည့်လာရင်လဲ ကျမ....သူ့ကို ဘယ်လိုပြောရမလဲနော်.....ဘာကြည့်တာလဲဆိုရင် ဒုက္ခ.......
သူ...ကျမ
အနားကနေ ထွက်သွားတာကိုတောင် မျက်လုံးလွဲဖို့ မေ့သွားခဲ့တာ..........သူ ကောင်တာမှာ
ပိုက်ဆံရှင်းနေမှ ကျမ သတိထားမိတယ်.....ကျမ ရှက်ပြုံးလေးတော့
ပြုံးလိုက်မိတယ်ပေါ့.......
သူ
အပြင်ထွက်သွားမှဘဲ....ကျမ အတွေးလေး တခုရသွားတယ်....သူ...ဘယ်နေရာမှာနေလဲဆိုတာ
ကျမသိချင်တယ်....
ကျမ
စာအုပ်ကို မ၀ယ်တော့ဘဲ...သူထွက်သွားတဲ့ဘက်ကို မြန်မြန်လိုက်ထွက်လာခဲ့ပါတယ်.....
ဒါပေမယ့်
ကျမ နောက်ကျသွားခဲ့ပြီ...သူ့ကားမောင်းထွက်သွားပီ...
သူနဲ့ တွေ့တဲ့နေ့ကစပြီး...ကျမ သူနဲ့ဆုံခဲ့တဲ့ ထိုဆိုင်လေးကို ရောက်ခဲ့ပါတယ်....ဒါပေမယ့် သူကတော့ ရောက်မလာခဲ့ပါဘူး.....
ကျမ တလတိတိ အဲ့ဆိုင်လေးကို နေ့တိုင်းလိုလို ရောက်ဖြစ်ခဲ့ပါတယ်....သူ့ကို မတွေ့ရတော့လည်း...ကျမ သူနဲ့ ဆုံခဲ့တဲ့ စာအုပ်တန်းလေးတွေမှာ စာအုပ်ရှာရင်း သူ့ကို အလွမ်းဖြေခဲ့တယ်......
ကျမ သူ့ အကြောင်းကို သူငယ်ချင်းကို ပြောပြတော့...ကျမ သူငယ်ချင်းက ကျမကို ရူးသွပ်မှု တခုတဲ့....
ကျမ ရူးသွပ်တာတော့မဟုတ်ပါဘူး.....သူ့ကို မြင်မြင်ချင်း နှစ်သက်မိတာပါ...သူခြေထောက်လေးတွေကိုပေါ့....
ကျမ...သူ့ကို အရမ်းသတိရတဲ့ ရက်တွေဆို အဲ့ဆိုင်လေးကို နှစ်ခေါက်လောက် ရောက်ဖြစ်ခဲ့တယ်.....
ကျမ....လာလွန်းလို့ အဲ့ဆိုင်က ကောင်မလေးတွေကတောင် ကျမကို မှတ်မိနေပြီ..ရင်းနှီးနေပြီ.....
အခုလည်း...ကျမ ဒီဆိုင်လေးကို ရောက်ခဲ့ပြန်ပီ....ကျမ စာအုပ်ရှာနေတုန်း.....
ဆိုင်က ကောင်မလေးက.....`` ကိုသား.....ကိုသားမှာထားတဲ့ စာအုပ်ရောက်နေပီ.....ဟိုအမ ရွေးနေတဲ့ အတန်းဘက်မှာ ရှိတယ်....ကိုသား ရှာကြည့်လိုက်နော်.......´´
ကျမ...ကောင်မလေးပြောတဲ့ ကိုသားဆိုတဲ့ လူကို ကြည့်လိုက်တော့.............ကျမ ရင်ခုန်သံတွေ မြန်လာပြန်ပါပြီ.....
သူ.....ကျမ လိုက်ရှာနေတဲ့...သူ
ကျမ သူ့ခြေထောက်တွေကို ကြည့်လိုက်မိတယ်....ချစ်စရာကောင်းလိုက်တာ......
ဒီနေ့တော့ သူက ကျမကို ပြုံးပြတယ်.......ပြီးတော့.....ကျမကို `` ညီမလေး စာအုပ်တွေ ရွေးနေတာလား....မရွေးရင် ကိုကြီး တချက်လောက် ရွေးချင်တယ်.......ရွေးနေရင်လည်း... ညီမလေးရှာပြီးမှ ကိုကြီးရှာတော့မယ်......´´
သူက သူကိုယ်သူ ကိုကြီးတဲ့.....ကျမ ဘာမှ မပြောသေးခင် သူက ကျမကို သူညီမလေးကို ဆက်ဆံတဲ့ ပုံစံအတိုင်း....ညီမလေး...ကိုကြီးပြောတာ ကြားလားဟင်....ငါ့ညီမလေး.... မေ့သွားပြီထင်တယ်ဆိုပြီး...ကျမကိုတောင် စလိုက်သေးတယ်....
နဂိုကမှ ဒီလူက သူ့ကိုမြင်တော့ ရှော့ရနေပါတယ်ဆိုမှ သူပြောလိုက်တဲ့ စကားကြောင့် ကျမ ရှက်ပြီး ရီပြနေမိတယ်....
သူနဲ့ ကျမ ခင်သွားခဲ့ပါတယ်.....သူကလဲ ကျမကို သူ့ညီမလေး အရင်းအတိုင်း စကားတွေပြောတယ်....ဆုံးမစရာရှိတာကို ဆုံးမတယ်....ကျမကလည်း...သူက ကိုကြီးစတိုင်နဲ့ဆိုတော့...သူ့အပေါ် ဆိုးချင်တာပေါ့......သူကလည်း ကျမ ဆိုးသမျှကို သည်းခံတယ်....ခွင့်လွတ်တတ်တယ်.....ကျမကိုလည်း ဂရုစိုက်တယ်......
ကျမနဲ့သူ သံဃောဇဉ်တွေ ပိုလာခဲ့ပြီ....ကျမဘက်က ပိုချစ်ခဲ့တယ်...ထင်ပါတယ်....သူ့ဘက်ကတော့...ကျမကို ညီမလေး တယောက်ထပ် မပိုခဲ့ပါ......ကျမစိတ်ထဲမှာတော့...သူ...တနေနေ့ ကျမကို ချစ်လာမယ်ဆိုတာ ကျမ သိနေခဲ့တယ်......
ကျမ အဲ့လိုထင်ခဲ့တာ မှားမှန်း ကျမ သိတာ နောက်ကျခဲ့တယ်.......
သူရဲ့ အပြုံးလေးတွေ...ယုယမှုတွေ....ဂရုစိုက်မှုတွေက....ကျမ တယောက်ထဲအတွက် မဟုတ်ခဲ့ပါဘူး....သူ့မှာ ကျမလိုဘဲ သူဂရုစိုက်ပြီး ညီမလေးလို့ ခေါ်တဲ့လူတွေ အများကြီးဘဲ ရှိခဲ့တယ်ဆိုတာ ...ကျမသိလိုက်ရလို့ပါဘဲ......
ကျမကိုယ်က သူဘက်က ဖြူစင်တာကို အရောင်ဆိုးချင်ခဲ့တာ......ဒီတော့....ကျမဘဲ နာကြင်ခဲ့တာပေါ့...သူအပြုံးများအောက်မှာ ကျမဘဲ ဒူးထောက်ခဲ့ရတာပေါ့......
နီနီခင်ဇော် သီချင်းလို့ပါဘဲ.....
``အမက်မောဆုံးဘဲ...နင်အပြုံးလေးများနဲ့...ဘာတွေကများ
ငါအား ဒူးထောက်စေခဲ့လည်း...ငါ့အမုန်းဆုံးဘဲ နင်ဘေးနား ရှိတဲ့...ဟိုကောင်မလေးတွေနဲ့
နင်ချစ်သွားမှာ ဆိုးတယ်...... ´´
ကျမ သူ့ဘေးမှာ နေရင်း...သူ တခြားတယောက်ကို ချစ်သွားမှာကို....ကျမ အရမ်းကြောက်နေခဲ့တယ်.......
ကျမ အမြဲဆုတောင်းတာ တခုကတော့.....``သူချစ်သောသူသည် သူ့အား မချစ်ပါစေနဲ့လို့´´
ကျမအတ္တကြီးမှန်း သိပါတယ်.....ဒါပေမယ့် ကျမ နေခွင့်မရတဲ့ သူအနားမှာ ဘယ်သူကိုမှလဲ ကျမ မမြင်ချင်ဘူးလေ......
No comments:
Post a Comment