Myanmar Calendar

Tuesday, July 3, 2012

အကြင်နာ

အကြင်နာ....
ထွက်သွားတော့မယ်လို့
ဘယ်တော့မှ
မင်းနှုတ်ခမ်းက
မထွက်လိုက်ပါနဲ့
ငါနင့်ကို မခွဲနိုင်သေးလို့ပါ......

အကြင်နာ
တကယ်လိုများ
နင်ကငါအနားမှာ
ရှိမနေချင်တော့ဘူးဆိုလဲ
င့ါကို အသိမပေးပါနဲ့
တိတ်တိတ်လေးသာ
ထွက်သွားပေးပါ
ငါ့အနားမှာ နင်ရှိနေသေးတယ်ဆိုတဲ့
ခံယူချက်နဲ့
ငါအသက်ရှင်နေချင်သေးလို့ပါ

အကြင်နာ
နင့်ရင်ထဲမှာ
ငါက နင့်ကိုမုန်းနေတယ်လို့
ဘယ်တော့မှ မတွေးပါနဲ့

ငါရဲ့ ချစ်ခြင်းက
ဘယ်တော့မှ အနိုင်မယူသလို
ဘယ်တော့မှလဲ မုန်းမှာမဟုတ်တဲ့
နင်ရဲ့ မုသားဝါ၀ါ စကားလုံးတွေရဲ့အောက်မှာ
ဒူးထောက် အရှုံးပေးနေသူ ဖြစ်နေလို့ပါ..........

1 comment: